စစ်ကော်မရှင်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်မှုဖြင့် NLDက ထုတ်ပယ်လိုက်သူများမှာ ၂၀၂၁ ကတည်း က ခံဝန်ထိုးခဲ့သည့် ဒူးထောက်ဂိုဏ်းသားများဟုဆို

ဓာတ်ပုံ-AFP
ပုံစာ- ၂၀၂၀ နိုဝင်ဘာ၉ရကင် ရန်ကုန်မြို့ NLDပါတီရုံးချုပ်ရှေ့၌ ထောက်ခံသူများ အောင်ပွဲခံနေပုံ။

စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်နေမှုကြောင့် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်(NLD)က ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သူ အယောက်၂၀တို့မှာ အာဏာသိမ်းခါစကာလက တည်းက ခံဝန်ထိုး ဒူးထောက်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

၂၀၁၅ရွေးကောက်ခံ NLD အမတ်ဟောင်း သန်းစိုး(ဘောဂဗေဒ)နှင့်သောင်းထွဋ်တို့သည် ပြည်သူပါတီ အမတ်လောင်းများအဖြစ်နှင့် ၂၀၁၅NLDအမတ်ဟောင်း ဒေါက်တာဖြူဖြူခိုင်မှာ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီ မှ အတုအယောင်ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကာ ကျန် ၁၇ဦးတို့မှာ အတုအ ယောင်ရွေးကောက်ပွဲကို အားပေးကူညီနေကြသူများဖြစ်၍ NLD ဗဟိုအလုပ်ကော်မတီက ဒီဇင်ဘာ ၂၅ရက်၌ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

“အာဏာသိမ်းတော့ NLDရပ်ကျေးအဆင့်ကစလို့ ဖမ်းဆီးခံနေရတဲ့အချိန်မှာ သူတို့ကတော့ ခံဝန်လေး ပြေးထိုးပြီး အနေအစားမပျက်ကြတဲ့ စန္ဒာမင်းဂိုဏ်းသားတွေပါ။ကြောက်လို့ ခံဝန်ထိုးရတာပါလို့ တောင်းပန်ရင်တောင် လက်ခံနိုင်စရာမရှိဘူး။အခုပိုဆိုးတာက တရားမဝင်ရွေးကောက်ပွဲမှာပါ အမတ်ရူးဝင်ရူးတဲ့သူနဲ့၊အားပေးကူညီကြတာတွေနဲ့ ”ဟု မန္တလေးတိုင်းအတွင်း ၂၀၂၀ရွေးကောက်ခံ NLD အမတ်တစ်ဦးက MPAသို့ပြောသည်။

သန်းစိုး(ဘောဂဗေဒ)၊သောင်းထွဋ်နှင့်ဖြူဖြူခိုင်တို့မှာ ၂၀၁၅ NLD အမတ်များဖြစ်ကြသော်လည်း ၂၀၂၀ရွေးကောက်ပွဲအတွက် NLDပါတီက ထပ်မံရွေးချယ်မှု မခံရတော့သူများဖြစ်သည်။

“အခု ပြည်သူ့ပါတီမှာ ရန်ကုန်တိုင်းဥက္ကဌလုပ်နေတဲ့ ကိုလှဌေးဆိုတာ ၂၀၁၅ NLDအမတ်ဟောင်းပဲ။ သူက ၂၀၂၀မတိုင်ခင်မှာ ပါတီကနေ အထုတ်ခံရပြီးတော့ ကိုကိုကြီးပါတီ(ပြည်သူ့ပါတီ)ရောက်သွား တယ်။အခု အထုတ်ခံရတဲ့ မင်္ဂလာတောင်ညွန့်ကလူတွေနဲ့ ကိုသောင်းထွဋ်တို့က ကိုလှဌေးအချိတ်အ ဆက်နဲ့ ကိုကိုကြီးပါတီထဲ ရောက်ကြတာ”ဟုရန်ကုန်တိုင်းအတွင်း ၂၀၂၀ရွေးကောက်ခံ NLD အမတ်တစ်ဦး ကပြောသည်။

ဒီဇင်ဘာ၂၅ရက်၊NLDပါတီမှ ထုတ်ပယ်ခံစာရင်းထဲတွင် ကရင်ပြည်နယ်က၂ဦး၊ မွန်ပြည်နယ်က တစ်ဦး၊ ပဲခူးတိုင်းက ၂ဦးနှင့် ရန်ကုန်တိုင်းက ၁၅ဦးတို့ ပါဝင်သည်။

ရန်ကုန်တိုင်းထဲတွင် ဒဂုံဆိပ်ကမ်းမြို့နယ်NLDပါတီက ၈ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်NLDပါတီက ၃ဦး၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ဗဟန်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း NLDပါတီတို့က တစ်ဦးစီ ပါဝင် သည်။

စာတည်း-ML