KNLA အဖွဲ့က ၁၀၀၀ တန်နှင့် ၅၀၀၀ တန် ကော်သူးလေပိုက်ဆံ ထုတ်လုပ်ကြောင်း AI ဖြင့် ဖန်တီးထားသော သတင်းအတု များ ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လျက်ရှိသည်။
“Somchai Saensuk” ဖေ့ဘွတ်ခ်အကောင့်က ၂၀၂၆ ဇန်နဝါရီ ၁၀ရက် ညနေပိုင်းတွင် KNLA တပ်ဖွဲ့ခေါင်း ဆောင် စောနယ်ဓားမြ၏ ရုပ်ပုံပါဝင်သော ၅၀၀၀ တန် နှင့် ၁၀၀၀ တန် ငွေစက္ကူရွက်ပုံများကို ဖြန့်ဝေထားသည်။
ဖြန့်ဝေထားသောလင့်ခ် – https://archive.md/Xbl67
ထို့အပြင် Min Khant Kyaw ဖေ့ဘွတ်ခ်အကောင့်ကလည်း ဇန်နဝါရီ ၁၁ရက်တွင် “ကောသူးလေပိုက်ဆံ ထွက် ပါပြီ။ တန်ဖိုးကတော့ ကောသူးလေပိုက်ဆံ 5000ကို အမေရိကန်ဒေါ်လာ 100နဲ့ ညီမျှသည်ဆိုလားပဲ” ဟု (မူရင်း ရေးသားချက်) ပုံနှင့်တကွ ဖြန့်ဝေထားသည်။
ဖြန့်ဝေထားသောလင့်ခ် – https://bitly.cx/Skz76
ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ကော်သူးလေ ၅၀၀၀ တန်ပိုက်ဆံအကြောင်း MPA က အချက်အလက်စစ်ဆေး ကြည့်ရာ AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သက်သေပြချက်
Google တွင် “ကော်သူးလေ ပိုက်ဆံထုတ်လုပ်” ဟု ရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော သတင်းမီဒီယာ များတွင် သတင်းဖော်ပြထားခြင်း မရှိပေ။
KNLA တပ်ဖွဲ့က ထုတ်လုပ်ဟူ၍ ဖြန့်ဝေထားသော ကော်သူးလေ ၁၀၀၀ တန်နှင့် ၅၀၀၀ တန် ငွေစက္ကူများသည် AI ဖြင့် ဖန်တီး ထားသော ဓာတ်ပုံများဖြစ်နေသည်။
ကော်သူးလေတပ်မတော် (KTLA) က “ကော်သူးလေသမ္မတနိုင်ငံတော်” တည်ထောင်ကြောင်း (၇၈) ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့ ဖြစ်သည့် ဇန်နဝါရီ ၅ ရက်တွင် ကြေညာခဲ့သည်။
နိုင်ငံထူထောင်ကြောင်း ထုတ်ပြန်ပြီးနောက် ကော်သူးလေ ပိုက်ဆံ ၁၀၀၀တန်နှင့် ၅၀၀၀ တန် ငွေစက္ကူပုံစံ ကို AI ဖြင့် ဖန်တီး၍ ဖြန့်ဝေနေကြခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ KNLA တပ်ဖွဲ့က ကော်သူးလေ ပိုက်ဆံထုတ်လုပ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း မရှိ သေးပေ။
ထို့ကြောင့် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ကော်သူလေး ၁၀၀၀ တန်နှင့် ၅၀၀၀ တန်ပိုက်ဆံဓာတ်ပုံများသည် AI ဖြင့် ဖန်တီး၍ သတင်းအတု ပြုလုပ်ထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
