အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံဂုဏ်ပြုသည့်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ခံပွဲသို့ တက်ရောက်လာသူများသည် အမျိုးသားရေးအစွန်းရောက် မဘသများဖြစ်ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုထောက်ခံကြောင်း စာသားများပါရှိသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်မှုများပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုသည် နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ပြည်တွင်းမှ ဝန်းရံထောက်ခံသည့် ပြယုဂ်တစ်ခုအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုထားသည်။























