အေအေ မိုင်းရှင်းနေသော ဓာတ်ပုံကို မိုင်းထောင်နေဟု စစ်တပ်လော်ဘီများ သတင်းအတုဖန်တီး ဖြန့်ဝေ

ရခိုင်ပြည်နယ် မောင်တောတွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသော အေအေတပ်ဖွဲ့ဝင်များကို ရိုက်ကူး ထားသည့် ဓာတ်ပုံကို ကူးယူသုံး၍ အေအေမိုင်းထောင်နေဟု စစ်တပ်လော်ဘီများ သတင်းအတု ဖြန့်ဝေ ထားကြသည်။

“Ko Thet” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၂၅ ရက် ၁နာရီခန့်တွင် ရွာသားများ ထွက်မပြေးနိုင်အောင် မိုင်းထောင်နေသည့် အေအေ တပ်ဖွဲ့ဝင်များ ဆိုသည့် စာသားပါ ဓာတ်ပုံများကို ဖြန့်ဝေခဲ့သည်။

အဆိုပါ အကြောင်းအရာကို “Myanma Today ( မြန်မာ့တူဒေး)၊ ရန်သူ့လှုပ်ရှားမှုသတင်းများ” တယ်လီဂရမ်ချန်နယ်တို့က ကူးယူဖော်ပြခဲ့-သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/gXS70
Myanma Today ( မြန်မာ့တူဒေး ) – https://archive.ph/XAwMO
ရန်သူ့လှုပ်ရှားမှုသတင်းများ – https://archive.ph/FfPsj

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

စစ်တပ်လော်ဘီများ ဖြန့်ထားသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “ Border News Agency” သတင်းမီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

Border News Agency တွင် အာရက္ခတပ်တော်က ဇန်နဝါရီ ၂၀ ရက် မောင်တောမြို့နယ်၊ အမှတ်-၇၆၆ တပ်ရင်း၊ ကားလမ်းမ များနှင့် မြက်သာဆည် အနီးဝန်းကျင်တွင် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ ကြောင်း၊ မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာ M-14 မိုင်း ခုနှစ်ဆယ့်ရှစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော် ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/S7DYT

ထပ်မံ အတည်ပြုနိုင်ရန် Google တွင် “ မောင်တော အေအေ မိုင်းရှင်းလင်းရေးလုပ်” ဆိုသည့် စကားလုံး ဖြင့် ရှာဖွေကြည့်ရာ “Western News, Narinjara, Arakan Bay News” အပါအဝင် မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ဇန်နဝါရီ ၂၀ နှင့် ၂၁ ရက်များတွင် အာရက္ခတပ်တော် အေအေ က မော်တော်မြို့နယ် အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ မိုင်းအလုံးရေ ၇၈ လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန်တပ်ဖြစ်သည့် အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ ၅) တဝိုက် နှင့် လူနေကျေးရွာများ၊ ရပ်ကွက်များ အနီးတွင် စစ်တပ်က မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း၊ ဒေသခံ များအနေဖြင့် မိုင်းအန္တရာယ်ကို အထူး သတိပြုရန်လိုကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
Western News – https://bitly.cx/HrIJq
Narinjara – https://bitly.cx/89Qw
Arakan Bay News – https://bitly.cx/Rxnj1

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မောင်တောမြို့နယ်အတွင်း စစ်တပ်က ထောင်ထားခဲ့သည့် မိုင်းများကို အာရက္ခ တပ်တော် အေအေက မိုင်းရှင်းလင်းရေး ဆောင်ရွက်ရာ မိုင်းအလုံးရေ ၈၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အေအေ အဖွဲ့က ရွာသားများ ထွက်မပြေးနိုင်ရန် မိုင်းထောင်ဟု ဖြန့်ဝေထားသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ အေအေတပ်ဖွဲ့ကို အပုပ်ချထားသည့် သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။