NUG အဖွဲ့ဝင်များ ထိုင်းနိုင်ငံမှ ဖယ်ရှားခံရတော့မည်ဟု ပုံဖျက်ထားသော သတင်းအတု

ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်အယူရှိသည့် Thai Pakdee Party (ထိုင်းပက်ခ်ဒီးပါတီ) ရွေးကောက်ပွဲ အနိုင်ရရှိ လျှင် ထိုင်းနိုင်ငံအတွင်းရှိ NUG အဖွဲ့များ ရှင်းလင်းခံရတော့မည်ဖြစ်ကြောင်း စစ်တပ်လော်ဘီများက သတင်း အတု ဖြန့်ဝေနေကြသည်။

စစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၂၈ရက် နံနက်ပိုင်းတွင် “ရွေးကောက်ပွဲအနိုင် ရပါက ထိုင်းနိုင်ငံအတွင်း ခိုအောင်းနေတဲ့ အစိုးရမဟုတ်တဲ့ ခွက်ခေါက်သူတောင်းစား NUG အဖွဲတွေကို ရှင်းလင်းမည်ဟု ကွန်ဆာဗေးတစ် ဖရတ်ထိုင်းပါတီ (Conservative Thai Pakdee Party)ပြော” ဟု (မူရင်း ရေးသားချက်) အမျိုးသမီးတစ်ဦး စကားပြောနေသော ဓာတ်ပုံနှင့် အတူ ဖြန့်ဝေထားသည်။

သတင်းအတုလင့်ခ် – https://archive.ph/L4WRk

အဆိုပါ အကြောင်းအရာကို အခြားသော စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖြန့်ဝေ နေကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအတုလင့်ခ်များ

ကိုနှင်းမောင် – https://archive.ph/bx1ZX
Ko Chit (MDY) – https://archive.ph/ruGeI
Lashio thar – https://archive.ph/iQE4O

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

ဖြန့်ဝေထားသော ဓာတ်ပုံကို Google reverse image search ဖြင့် ရှာဖွေရာ “People’s Spring” သတင်းမီဒီ ယာ ဖော်ပြထားသော ဓာတ်ပုံနှင့် တူညီနေသည်။

People’s Spring သတင်းတွင် ထိုင်းကွန်ဆာဗေးတစ် ပါတီတစ်ခုက ရွေးကောက်ပွဲမှာ အနိုင်ရလျှင် ထိုင်း ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေးကူညီဆောင်ရွက်ပေးနေသော မြန်မာ အန်ဂျီအို အဖွဲ့အစည်း များကို ဖြိုခွင်းမည်ဟု မဲဆွယ်ခဲ့ကြောင်း သတင်းရေးထားသည်။

သတင်းအပြည့်အစုံ – https://bitly.cx/p2t3

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ထိုင်းကွန်ဆာဗေးတစ်ပါတီ ရွေးကောက်ပွဲ မဲဆွယ်”ဟု ရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော မြန်မာသတင်းမီဒီယာများစွာက သတင်းရေးသားဖော်ပြထားကြသည်။

သတင်းများတွင် ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်အယူရှိသည့် Thai Pakdee Party က ရွေးကောက်ပွဲတွင် အနိုင် ရရှိ လျှင် နိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးအတွက် ဆောင်ရွက်ပေးနေသော မြန်မာ NGO အဖွဲ့အစည်းများကို အပြတ်အသတ် နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်ညက ၎င်းတို့၏ လူမှု ကွန်ရက်စာမျက်နှာကတဆင့် မဲဆွယ်ဗီဒီယို ထုတ်လွှင့်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံက လက်ရှိတွင် မြန်မာအလုပ်သမား များကို စနစ်တကျ ထိန်းချုပ်စီမံနိုင်ခြင်း မရှိကြောင်း၊ မြန်မာအလုပ်သမားများ အကျိုးအမြတ် ရရှိရေးအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ခွင့်ပြုထားခြင်းနှင့် မြန်မာနိုင်ငံရေးသမားများမှာ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့် ပေးထားခြင်းသည် အငြင်းပွားမှုများ ဖြစ်ပြီး အခြားနိုင်ငံများသို့ ဆက်လက် ပျံ့နှံ့သွားနိုင် ကြောင်း ထိုင်းဘတ်ဒီပါတီက ဝေဖန်ပြောဆိုထားကြောင်း သတင်းထဲတွင် ပါဝင်သည်။

သတင်းမီဒီယာလင့်ခ်များ

Western News – https://bitly.cx/vszBN
MPA – https://bitly.cx/Buot7
သျှမ်းသံတော်ဆင့် – https://bitly.cx/Ti5LB
Dawei Watch – https://bitly.cx/k4YvU

စိတ်ချယုံကြည်ရသော သတင်းမီဒီယာများတွင် ထိုင်းပက်ခ်ဒီးပါတီသည် ရွေးကောက်ပွဲ အနိုင်ရရှိလျှင် နိုင်ငံ အတွင်းရှိ NGO အဖွဲ့များကို ရှင်းလင်းမည်ဖြစ်ကြောင်း သတင်းရေးသားဖော်ပြထားသည်။

NUG အဖွဲ့ဝင်များဟု ရေးသားထားခြင်းမရှိဘဲ စစ်တပ်လော်ဘီများက သတင်းအမှန်ကို လိုရာဆွဲ၍ ပုံဖျက်ကာ သတင်းအတု ဖန်တီးထားခြင်းဖြစ်သည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များ ထိုင်းနိုင်ငံအတွင်းရှိ NUG အဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်းခံရတော့မည်ဟု ရေးသားဖြန့်ဝေနေခြင်းသည် သတင်းအအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။