စစ်ပွဲများ ပြီးတော့မည်ဟုဆိုသည့် စစ်ခေါင်းဆောင်၏ စကားကို ယုံမိသဖြင့် တပ်တွင်း၌ မုဆိုးမများ တိုးပွားနေကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
လက်ရှိ စစ်တပ်တွင်း၌ ရှိနေသည့် စစ်သားများ အမြန်ဆုံး အလင်းဝင်ကြရန် ပြည်သူ့ပန်းတိုင်က အထက်ပါအတိုင်း ပြောကြား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုတွေက ကိုယ့်လင်သား၊ကိုယ့်အဖေ ရှေ့တန်း မှာ သေလို့ သေနေမှန်းတောင် မသိကြတာတွေ အများကြီးရှိတယ်။ ဒီဘက်နောက်ပိုင်းမှာ ပစ(စစ်မှုထမ်းတပ် သား)တွေဆိုရင် မိသားစုမပါဘဲ တစ်ဦးတည်း စစ်တပ်ထဲ ရောက်လာကြတာဆိုတော့ သူတို့သေ လည်း စစ်တပ်က အကြောင်းမကြားလို့ သူတို့ရဲ့ မိသားစုတွေ မသိကြဘူး”ဟု နယ်စပ်ဒေသအခြေ စိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
စစ်တပ်က သေဆုံးစစ်သားများအကြောင်း မိသားစုထံသို့ အကြောင်းမကြားခြင်းမှာ လျော်ကြေးမ ပေးလို၍ဖြစ်ပြီး တပ်ရင်းမှူးများကလည်း သေဆုံးစစ်သားများ၏ လစာနှင့်အခြားခံစားခွင့်များကို ထုတ်စားချင်သဖြင့် သေစာရင်းမပြကြကြောင်း ၎င်းက ဆိုသည်။
စစ်မှုထမ်းသင်တန်းဆင်းပါက မိမိတို့ရပ်ရွာ၌သာ တာဝန်ပြန်ချပေးမည်ဟု မွန်ပြည်နယ်ဝန်ကြီး ချုပ် အောင်ကြည်သိန်းက ပြောသည့် စကားကို ယုံကာ စစ်မှုထမ်းအပတ်စဉ်၁ နှင့် ၂ တို့တွင် စစ်မှု ထမ်းထဲ လိုက်သွားသည့် မွန်ပြည်နယ်၊ချောင်းဆုံမြို့သား ၁၅ယောက်ကျော်ရှိပြီး ၎င်းတို့အားလုံးနှင့် မိသားစုဝင်တို့ အဆက်အသွယ်မရသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုများနှင့် ဒေသခံ များကပါ ၎င်းတို့သေဆုံးကုန်ပြီဟု ယူဆကြသော်လည်း စစ်တပ်က တရားဝင်အကြောင်းကြားမှု မရှိကြောင်း ချောင်း ဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူ တစ်ဦးက ၂၀၂၅ခုနှစ်၊အောက်တိုဘာလ အတွင်း MPAသို့ ပြောကြားခဲ့ဖူးသည်။
စစ်တပ်သည် ၅နှစ်အုပ်ချုပ်ခဲ့သည့်ကာလအတွင်း ပေးနိုင်သမျှဒုက္ခများ အစွမ်းကုန်ပေးခဲ့ပြီးဖြစ်သ လို အရပ်ဝတ်လဲကာ ပြည်သူများအား နောက်ထပ် ၅နှစ် သောကများ ထပ်ပေးချင်နေသေးသည်ကို စစ်အုပ် စုဝင်များ သိသင့်ပြီဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
ဇန်နဝါရီလ ၃ပတ်တာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း ၁၇၃ဦးရှိကြောင်း ပြည် သူ့ပန်းတိုင်က ထုတ်ပြန်သည်။
၂၀၂၅ခုနှစ်အတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု စုစုပေါင်း ၂၅၇၈ဦးရှိကြောင်း ပြည်သူ့ ပန်းတိုင်က ထုတ်ပြန်ထားသည်။
