စစ်အုပ်စုအပေါ် တင်းမာသည့် ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားရန် တောင်ကိုရီးယားအစိုး ရအား တိုက်တွန်းလိုက်သည်။
ယနေ့(ဖေဖေါ်ဝါရီတစ်ရက်) တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် ကျင်းပသော နွေဦးတော်လှန်ရေး ၅နှစ်ပြည့် ‘အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်’ချီတက်ဆန္ဒပြပွဲ၌ ထုတ်ပြန်သည့် တောင်ကိုရီး ယားရောက် မြန်မာတော်လှန်ရေးအင်အားစုတို့၏ ကြေညာချက်၌ အထက်ပါအတိုင်း တိုက်တွန်းခဲ့ သလို တောင်ကိုရီးယားအစိုးရအနေနှင့် စစ်အုပ်စု၏ လက်နက်အရောင်းအဝယ်၊ စောင့်ကြည့်ရေး နည်းပညာနှင့် စစ်ဘက်ဆိုင်ရာဝယ်ယူရေးကွန်ရက်များကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့ရန်၊ NUGအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ လူသားစာနာအကူအညီများကို စစ် အုပ်စုနှင့်မဟုတ်သော လမ်းကြောင်းများမှတစ်ဆင့် ထိခိုက်ခံစားနေရသူများထံ ရောက်ရှိစေရေး ဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။
ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် စစ်အုပ်စုရွေးကောက်ပွဲရလဒ်ကို လူသိရှင်ကြား ငြင်း ပယ်ရန်၊စစ်အုပ်စုအား မည်သည့်နိုင်ငံရေးအရ အသိအမှတ်ပြုမျိုးကိုမဆို ငြင်းပယ်ရန်၊ ဒဏ်ခတ်ပိတ် ဆို့မှုများကို တိုးမြှင့်ရန်၊ IDP များနှင့် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီများ တိုး ချဲ့ရန်၊ NUGအစိုးရကို တရားဝင်ဒီမိုကရေစီအင်အားစုအဖြစ် အသိအမှတ်ပြုရန် စသည်တို့ကိုလည်း တောင်းဆိုသည်။
ယနေ့ဆန္ဒပြပွဲကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးနှင့် တော်လှန်ရေးအဖွဲ့ပေါင်း ၄၀ တို့ စုပေါင်းအားဖြင့် ကျင်းပခြင်းဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်ရှိ ဘိုရှင်းဂတ်ရင်ပြင်ကို ဗဟိုပြုကာ နေ့ခင်း၁၂နာရီမှ တစ်နာရီအထိ ဘိုရှင်းဂတ်ရင်ပြင်၌ မိန့်ခွန်းပြောကြားခြင်း၊ ထုတ်ပြန်ကြေညာ ချက် ဖတ်ကြားခြင်း၊ တော်လှန်ကဗျာရွတ်ခြင်းနှင့်ကြွေးကြော်သံများ ဟစ်ကြွေး ခြင်းတို့ ပြုလုပ်ပြီး နောက် အထင်ကရနေရာများသို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ထို့နောက် ဘိုရှင်းဂတ်ရင်ပြင်၌ ပြန်လည် ရောက်ရှိခဲ့ကြကာ မွန်းလွဲ၃နာရီအထိ ဆက်လက်စုဝေး ဆန္ဒပြခဲ့ကြသည်။
“ဒီနေ့လမ်းလျှောက်ချီတက်တဲ့လမ်းကြောင်းက ဆိုးလ်မြို့မှာဆိုရင် ခရီးသွားဧည့်သည်တွေ လည် ပတ်လေ့ရှိတဲ့ တကယ့်ကိုမှ အချက်အချာကျတဲ့နေရာ၊ ပြီးတော့ ကိုရီးယားဒီမိုကရေစီသမိုင်းမှာ ၁၉၈၇ခုနှစ် ကျောင်းသားအရေးအခင်း ဖြစ်ပွားတဲ့အချိန်မှာ တိုက်ပွဲဝင်ခဲ့တဲ့ အထိမ်းအမှတ် သမိုင်း ဝင်နေရာမှာ လုပ်တာဖြစ်လို့ ဒီမိုကရေစီကို အားပေးထောက်ခံသူတွေလည်း အများကြီး ဘေးပတ် ဝန်းကျင်မှာ ရှိကြတယ်ဆိုတော့ တော်တော်များများ အားပေးဝန်းရံထောက်ခံကြတယ်။ကျနော်တို့ သပိတ်လမ်းကြောင်းချီတက်တဲ့အချိန်မှာ ဘေးကနေပြီးတော့ လက်ဝှေ့ရမ်းပြတာမျိုးတွေ၊ အားတင်း ထားကြပါဆိုပြီး လက်သီးတွေဆုပ်ပြီးတော့ သင်္ကေတပြတာမျိုးတွေ ၊ဒါမျိုးတွေ အများကြီးတွေ့ရပါ တယ်”ဟု တောင်ကိုရီးယားအခြေစိုက် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ ပေါင်းချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက MPAသို့ပြောသည်။
ဆိုးလ်မြို့ဆန္ဒပြပွဲတွင် မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံသော ကိုရီးယာအရပ်ဘက်အဖွဲ့ ၁၀၆ဖွဲ့ကိုယ်စားပြု ခေါင်းဆောင် အမျိုးသမီးတစ်ဦးနှင့် ကိုရီးယားနိုင်ငံသားအဖွဲ့မှ ခေါင်းဆောင် အမျိုးသားတစ်ဦးတို့က မြန်မာ့အရေး ထောက်ခံအားပေးသည့် မိန့်ခွန်း ပြောကြားခဲ့ပြီး မြန်မာ့အရေး ကို အားပေးကူညီနေသည့် ကိုရီးယားနိုင်ငံသားများဂရုဖ်မှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆန္ဒပြခဲ့ကြကြောင်း MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက ဆက်လက် ပြောသည်။
ထို့အပြင် ယင်းဆန္ဒပြပွဲသို့ ကိုရီးယားထိပ်တန်းသတင်းဌာန KBS နှင့် ဆိုးလ်နယူးစ်တို့ တက်ရောက် သတင်းရယူခဲ့ကြကြောင်း သိရသည်။
ကိုရီးယားနိုင်ငံနေ မြန်မာတော်လှန်ပြည်သူများက စစ်အုပ်စုရွေးကောက်ပွဲတင်မက စစ်အုပ်စု၏ အ လုံးစုံသော အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာချက် ၌ ဖော်ပြထားသည်။
စစ်အုပ်စုရွေးကောက်ပွဲသည် အရပ်သားအစိုးရအဖြစ် လိမ်လည်အသွင်ပြောင်းရန် ကြံစည်သည့် စစ်အာဏာရှင်စနစ်သစ်သာဖြစ်ကြောင်းလည်း ဆိုသည်။
ယနေ့ဆန္ဒပြပွဲသို့ NUG ကိုရီးယာသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် တော် လှန်ရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများ၊ ကိုရီးယားအဖွဲ့အစည်းများမှ တာဝန်ခံများနှင့် တော် လှန်ပြည်သူ၃၀၀ခန့် တက်ရောက်ခဲ့ပြီးဧည့်သည် မော်ဒယ် မေမြတ်နိုးလည်း ပူးပေါင်းပါဝင်ခဲ့သည်။
