မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ မိအယ်ရွာကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်ရာ PDF ၁၀၀ ကျော် သေဆုံးဟု လိမ်လည်ထားသော သတင်းအမှားကို စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ က ဖြန့်ဝေနေကြသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီ ၅၈ မိနစ်တွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်ထုတွင် PDF ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ ပေါင် ၅၀၀ ဗုံးတွေချည်း ကြဲချခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်တွင် ဒီထက်ပိုပြင်းသည့် ဗုံးများ သုံးသင့်ပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထား သည်။
အဆိုပါအကြောင်းအရာကို “Truth Media, Myanma Today” အပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/hRrij
Truth Media – https://archive.ph/biJ9N
Myanma Today – https://archive.ph/D33Be
ပျံ့နှံ့နေသော အကြောင်းအရာအား Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “မောင်း၊ Shwe Phee Myay, DVB” သတင်းမီဒီယာတို့က သတင်းဖော်ပြသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ မိအယ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ ကြောင်း၊ ဗုံးဒဏ်ကြောင့် ကလေးနှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ငါးဦးလုံးမှာ အမျိုး သမီးများဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
မောင်း – https://bitly.cx/hSWO6
Shwe Phee Myay – https://bitly.cx/hHCzD
DVB – https://bitly.cx/1zCT
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ကျောက်ထု လေကြောင်းဗုံးကြဲ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima, MPA, People’s Spring” အပါအဝင် မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် စစ်တပ်၏ မကွေးလေတပ်က တက်လာသော ဂျက်ဖိုက်တာက ဖေဖေဝါရီ ၅ ရက်တွင် ဗုံးကြဲခဲ့ရာ မိအယ်ကျေးရွာနေ မနှင်းသီရီလွင်( ရှစ်နှစ်) ၊ မဆုရဒီလွင်(၁၃ နှစ်)၊ဒေါ်ဖြူဖြူဝင်း (၃၃ နှစ်) ၊ ဒေါ်ခင်မိုးမိုးခိုင် ( ၅၅ နှစ်) ၊ ဒေါ်ဟန်ကြည် ( ၇၄ နှစ်) တို့ ဗုံးအစ ထိမှန်သေဆုံးခဲ့ပြီး ၊ နေအိမ် ၄၂ လုံးပျက်စီးပြီး ခိုင်းနွား နှစ်ကောင်သေဆုံးခဲ့ကြေအမျိုးသမီး ငါးဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် CDM ကျောင်းဆရာမ တစ်ဦးပါဝင်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/sMGgz
MPA – https://bitly.cx/5o20M
People’s Spring – https://bitly.cx/iqWP0
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မိအယ်ရွာ ဗုံးကြဲခံရမှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသမီး ငါးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
စစ်တပ်လော်ဘီများက ဗုံးကြဲမှုကြောင့် “PDF ၁၀၀ ကျော် သေဆုံး”ဟု ဖြန့်ဝေနေခြင်းသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ လိမ်လည်ဝါဒဖြန့်နေသော သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူမယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
