ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများမှ ၆လအောက်ကလေးငယ်များ နို့မှုန်အာဟာရ ပြည့်ဝစေရန် မော်ဒယ်လုလုအောင်က ကျပ်သိန်း ၃၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းလှူဒါန်းငွေကို ရခိုင်ပြည်နယ်အခြေစိုက် အရွယ်စုံArakanese Ladies အဖွဲ့မှတစ်ဆင့် လှူဒါန်းခဲ့ ခြင်းဖြစ်ကြောင်း လုလုအောင်နှင့် အရွယ်စုံArakanese Ladies အဖွဲ့တို့၏ ဖေ့စ်ဘွတ်ခ် ထုတ်ပြန်ချက်များအရ သိရသည်။
“သာလီစွပါ တမြေထဲက သွေးချင်းမောင်နှမတွေတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တစ်ပေါက်”ဟု လု လုအောင်က ၎င်း၏ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားထားသည်။
အရွယ်စုံ Arakanese Ladies ကလည်း လိုအင်ဆန္ဒမှန်သမျှပြည့်စုံပြီးအလုပ်အကိုင် အဆင်ပြေ၍စီးပွားတိုးတက်ပါစေကြောင်း ဆုတောင်းထားသည်။
လုလုအောင်၏ လှူဒါန်းမှုပို့စ်အောက်တွင် သူ၏ ပရိသတ် ၆၅၀က comment မှနေ၍ ကောင်းချီး ပေးထားကြောင်း ယနေ့(ဖေဖေါ်ဝါရီ၁၈ရက်)ညနေ ၃နာရီခွဲခန့်၌ တွေ့ရသည်။
အရွယ်စုံArakanese Ladies အဖွဲ့သည် စစ်ဘေးရှောင်စခန်းများရှိ ၆လအောက်ကလေးငယ်များ နို့မှုန်အာဟာရ ပြည့်ဝစေရန် အလှူငွေ လက်ခံလျက်ရှိပြီး လှူဒါန်းသူများအား အရွယ်စုံArakanese Ladies ဖေ့စ်ဘွတ်ခ်ပေါ် ဖော်ပြလျက်ရှိသည်။
