လက်နက်ချ နဂါးတပ်သား ၁၆ ဦးကို ပုလဲထွေအုပ်ရုံးထဲ ထိန်းသိမ်း စစ်မေးနေဆဲဟုဆို

လက်နက်ချ နဂါးတပ်သား ၁၆ဦးကို ပုလဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထိန်းသိမ်းစစ် မေး နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့တွင်းရှိ စစ်တပ်သည် သေတ္တရာရွာတောင်ဘက်သို့ ရောက်ရှိနေသော လက်နက် ချနဂါးတပ်သား၂၂ဦးကို ဖေဖေါ်ဝါရီ၁၈ရက်တွင် ကားဖြင့် ခေါ်ခဲ့ပြီးနောက် ၆ဦးအား မုံရွာမြို့၊အ နောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။

“ပုလဲမြို့ပေါ်က နေရာ၃ နေရာမှာ လက်ရှိကို စစ်သားအင်အား ၃၀၀ ဝန်းကျင်လောက်ရှိနေပါတယ်။ အခု မင်းတိုင်ပင်(ရွာ)ပတ်ဝန်းကျင်ကို ထိုးသွားတဲ့စစ်ကြောင်းက စစ်ကြောင်းလည်း ထိုးတယ်။ ရွာ တွေထဲမှာ တပ်စိတ်၂စိတ်တို့ ၃စိတ်တို့ အဲဒီလိုတွေ ထားပစ်ခဲ့တယ်”ဟု ၎င်းက MPAသို့ပြောသည်။

လက်ရှိအချိန်ထိ ပုလဲထွေအုပ်ထဲရှိ လက်နက်ချနဂါးတပ်သားများကို စစ်မေးကာ သတင်းအချက်အ လက်ရယူနေဆဲဖြစ်ပြီး စစ်ကြောင်းထိုးရာတွင် လက်နက်ချများ မပါသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အခုစစ်တပ်က လုပ်နေတဲ့ပုံစံက လက်နက်ချတဲ့ကောင်တွေကနေတစ်ဆင့် ပုလဲဒေသထဲက သူတို့နဲ့ နီးစပ်ခဲ့တဲ့ ဒေသခံတွေကို လိုက်စည်းရုံးခိုင်းနေပုံရတယ်။ဖုန်းတွေဘာတွေနဲ့ ဆက်တာမျိုးပေါ့။အဓိက ကPDFတွေကို ဆန့်ကျင်အောင်၊ PDFတွေရဲ့ သတင်းတွေ စစ်တပ်ကို ပေးအောင်ပေါ့။နောက်ထပ် လက်နက်ချတွေကို ဘာထပ်အသုံးချဦးမလဲတော့ မသိသေးဘူး။ စစ်ကြောင်းထိုးတဲ့အထဲတော့ လက် နက်ချတွေကို မမြင်မိသေးဘူး”ဟု ၎င်းက ပြောသည်။

စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်းမျိုးလည်း လုပ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နဂါးလက်နက်ချပြီးနောက် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ ဆက်တိုက်ရှိနေသဖြင့် ပြည်သူ တို့ အထူးသတိထားနေကြရကြောင်း သိရသည်။