မင်းအောင်လှိုင် လက်ညှိုးညွှန်ရာ တရားမဝင် ပြည်သူ့လွှတ်တော်ဥက္ကဌ ခင်ရီ ဖြစ်လာ

ကြံ့ဖွံ့ဥက္ကဌ ခင်ရီကို တရားမဝင်ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ပြိုင်ဘက်မရှိ အတည်ပြုတင် မြှောက်လိုက်ကြောင်း သိရသည်။

ခင်ရီ တစ်ဦးတည်းကိုသာ ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ပြီး စစ် ကော်မရှင်ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းကိုလည်း တရားမဝင်ပြည်သူ့လွှတ်တော်ဒုဥက္ကဌအ ဖြစ် တစ်ဦးတည်းအမည်စာရင်းတင်သွင်းကာ ပြိုင်ဘက်မရှိ တင်မြှောက်လိုက်ကြောင်း သိရသည်။

“၂၀၁၀တုန်းက ရွေးကောက်ပွဲမလုပ်ခင်ကတည်းက သန်းရွှေက ကြံ့ဖွံ့အစိုးရအဖွဲ့နဲ့ လွှတ်တော်အ ကြီးအကဲတွေကို ရွေးချယ်ပြီးသား။အခုလည်း မင်းအောင်လှိုင်က ဘယ်သူကတော့ ဘယ်နေရာဆိုပြီး ရွေးချယ်ပြီးသားပါပဲ။ကွာတာဆိုလို့ သန်းရွှေက လုံးဝအနားယူသွားတယ်။မင်းအောင်လှိုင်ကတော့ အ တုအယောင်သမ္မတအဖြစ် အာဏာဆက်ရူးဦးမယ်။ဒါပါပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါး ရှင်တစ်ဦးက MPAသို့ပြောသည်။

ခင်ရီသည် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ခန့် လဝကဝန်ကြီးဖြစ်ခဲ့ပြီးနောက် မင်းအောင် လှိုင်ခန့် ကြံ့ဖွံ့ဥက္ကဌအဖြစ် ဆက်လက်အသုံးတော်ခံခဲ့ကာ ၂၀၂၅ တရားမဝင်ရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ သည်။

မင်းအောင်လှိုင်ခန့် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းမှာ တပ်ကုန်းမဲဆန္ဒနယ်မှ အနိုင်ရခဲ့သည်။