ရန်ကုန်မြို့မှ သင်္ကြန်အကြို မဏ္ဍပ်တည်ဆောက်ရေး မြင်ကွင်းများ

Photo - MPA

သင်္ကြန်ရက်နီးကပ်လာသည်နှင့်အမျှ ရန်ကုန်မြို့၏ အချက်အချာကျသော နေရာများတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေသည့် မြင်ကွင်းမှာ ပိုမိုသက်ဝင်လှုပ်ရှားလာသည်။

မဏ္ဍပ်တည်ဆောက်သူများအနေဖြင့် လုံခြုံရေးနှင့် ခိုင်ခံ့မှုကို ဦးစားပေး ဆောက်လုပ်နေကြသလို၊ မဏ္ဍပ်ကြီးအချို့တွင် ခေတ်မီ အသံစနစ်နှင့် မီးအလင်းအမှောင်များကိုပါ ထည့်သွင်းတပ်ဆင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။