ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဗဟန်းရွာကို KNU နှင့် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ် ဆိုသည့်အကြောင်းအရာသည် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၇ ရက် ည ၈ နာရီ ၂၂ မိနစ်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့ နယ်ရှိ ဗဟန်းကျေးရွာကို KNU နှင့် PDF များက Drop ဗုံးများ၊ ရှော့တိုက်ဒုံးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း၊ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါ အကြောင်းအရာကို “ဖိုးမောင်၊ Thazin Oo” အပါအဝင် အခြား စစ်တပ်ဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/9dDG3
ဖိုးမောင် – https://archive.ph/ONCla
Thazin Oo – https://archive.ph/lJzPn
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
Google တွင် “သံတောင်ကြီး ဗဟန်းရွာ လေကြောင်းဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “MPA, Red Peacock News, MNO” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဧပြီ ၂၇ ရက်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာ အုပ်စု အတွင်းရှိ ဗဟန်းကျေးရွာ၊ ငွေတောင်ကျေးရွာ နှင့် တောပုန်းအောက်ကျေးရွာများကို စစ်တပ်က လေ ကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများကြောင့် ဗဟန်း ကျေးရွာတွင် လသား ကလေးငယ် အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရသူ များပြားကြောင်း၊ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ သံတောင်ကြီးမြို့နယ်အတွင်း စစ်ရေး တင်းမာမှုများကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေရကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
MPA – https://bitly.cx/DE2uz
Red Peacock News – https://bitly.cx/R9LO
MNO – https://bitly.cx/g4EOd
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း ဗုံးကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် လသားကလေးငယ် အပါအဝင် ပြည် သူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဗဟန်းရွာကို KNU နှင့် PDF များက ဒရော့ဗုန်းများဖြင့် ပစ်ခတ်ဟု ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရက် အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
