ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ပြီး လူဖမ်းခြင်းကို စစ်အုပ်စုဝင်များ ဆက်တိုက် လုပ်ဆောင်နေ ကြောင်း သိရသည်။
ဧည့်စာရင်း ခပ်စိပ်စိပ်စစ်လာခြင်းမှာ အစိုးရတု၏ ရက်၁၀၀စီမံချက်ကြောင့်လည်း ဖြစ်နိုင်သလို စစ် မှုထမ်းသင်တန်းအတွက် လူလိုနေသဖြင့် ဧည့်စစ် ဖမ်းဆီးခြင်းလည်း ရှိကြောင်း Rangoon Scout N etwork-RSN မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
“တချို့ဆို ဧည့်စာရင်း တစ်ရက်ပဲ စွန်းတာတောင် မရပါဘူး၊ ရုံးကို ဖမ်းခေါ်သွားတယ်။ ပိုက်ဆံ တောင်းတယ်၊ တချို့ပြန်လွတ်တယ်။ စစ်မှုထမ်းထဲ ထည့်ခံလိုက်ရသူတွေလည်းရှိတယ်။ တချို့က တော့ ပြန်လည်း မလွတ်လာ၊ သတင်းအစအနလည်း ပြန်မကြားရတော့ပါဘူးဗျ”ဟု ၎င်းက MPAသို့ ပြောသည်။
ထို့ပြင် စစ်မှုထမ်းအကျုံးဝင်လူငယ်အချို့ကို နေအိမ်ထဲထိ ဝင်ဖမ်းခြင်းလည်း များလာကြောင်း သိရသည်။
မေလ ၁၇ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ည ရပ်ကွက်၊ ဘုမ္မာ ၂၀ လမ်းထဲသို့ စစ်အုပ်စုဝင်တို့ ဧည့်စစ်ဝင်ပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း RSN က ထုတ်ပြန်ထားသည်။
မေလ ၁၇ ရက် ည ၁၀ နာရီကျော်တွင် သာကေတမြို့နယ်၊ ၇ အနောက်ရပ်ကွက်၊ ၇ ဈေးအနောက်ဘက်ရှိ သမဝါယမလိုင်းခန်းထဲသို့ ဧည့်စစ်ဝင်ပြီး ပန်းရံလုပ်ကိုင်နေသူ ၂ ဦးကို ဧည့်စာရင်း ရက်ကျော်နေသည်ဟုဆိုကာ ရပ်ကွက်ရုံးဆီ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စာတည်း-ML
