ထိုင်းနိုင်ငံ အရှေ့ပိုင်း ရယွန်ခရိုင်၊ ပလွတ်ဒဲန်းမြို့နယ်ရှိ အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာလုပ်ငန်းတွင် ဖမ်းဆီးခံ မြန်မာအမျိုးသမီး လေးဦးကို CDM များဟူ၍ စစ်တပ်လော်ဘီများက အပုပ်ချကာ သတင်းအမှားများ ဖြန့်နေကြ သည်။
၂၀၂၆ မေလ ၂၁ ရက်တွင် စစ်တပ်လော်ဘီ “Ba Nyunt” တယ်လီဂရမ်ချန်နယ်က “CDM ၄ဦး ပါဝင် သည့် ပြည့်တန်ဆာခန်းကို ထိုင်းရဲများ ဝင်ရောက်ဖမ်းဆီး” ဟု (မူရင်းရေးသားမှု) ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/yUtFG
အခြားသော စစ်တပ်လော်ဘီချန်နယ်များကလည်း အဆိုပါ အကြောင်းအရာကို ကူးယူဖြန့်ဝေနေကြ သဖြင့် ပျံ့နှံ့မှု များပြားနေသည်။
သတင်းအမှားလင့်ခ်များ
Ka Ka Han – https://archive.ph/1FM67
ရွှေဘ – https://archive.ph/ZAs5J
မြန်မာ့တူဒေး – https://archive.ph/wT6vJ
ထိုင်းပြည့်တန်ဆာခန်းတွင် ဖမ်းဆီးခံမြန်မာများသည် CDM များ ဟုတ်/မဟုတ် MPA fact-check အဖွဲ့ က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ Myan Daily News ဖေ့ဘွတ်ခ်က တင်ထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
ထိုင်းနိုင်ငံ ရယွန်ခရိုင်က “ကူကျူလင်” ကျန်းမာရေးအနှိပ်ခန်း၌ အနှိပ်ခန်းအမည်ခံပြီး တရားမဝင် လိင်ဝန် ဆောင်မှုပေးနေသော နေရာကို ၂၀၂၆ မေလ ၂၁ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖောက်သည်အသွင်ယူပြီး ဝင် ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
သက်သေပြချက်လင့်ခ် – https://bitly.cx/D9SMI
ထပ်မံအတည်ပြုနိုင်ရန် Google တွင် ထိုင်းနိုင်ငံတွင် အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာလုပ်ငန်းတွင် မြန်မာများ ဖမ်းဆီးခံရ” ဟု ရေးသားရှာဖွေရာ စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်း ဖော်ပြထားကြသည်။
သတင်းများတွင် ထိုင်းနိုင်ငံအရှေ့ပိုင်း ရယွန်ခရိုင်အတွင်း အနှိပ်ခန်းအမည်ခံဖွင့်ထားသော ပြည့်တန်ဆာလုပ်ငန်း ကို ရဲတပ်ဖွဲ့က အသွင်ယူဝင်ရောက်ဖမ်းဆီးရာမှ မြန်မာနိုင်ငံသား လေးဦးအပါအဝင် နိုင်ငံခြားသား ၈ ဦးကို ဖမ်း ဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများမှာ မြန်မာ လေးဦး၊ တရုတ် နှစ်ဦးနှင့် ဗီယက်နမ် နှစ်ဦးတို့ဖြစ်ကြောင်း ထိုင်း သတင်းများကို ကိုးကား၍ ဖော်ပြထားကြသည်။
သတင်းလင့်ခ်များ
Dawei Watch – https://bitly.cx/QMQb
မောင်း – https://bitly.cx/3z08
Border News Agency – https://bitly.cx/XUGrp
သုံးသပ်ချက်
ထိုင်းသတင်းများကို ကိုးကား၍ မြန်မာသတင်းဌာနများက တရားမဝင် ပြည့်တန်ဆာလုပ်ငန်းတစ်ခုကို ထိုင်းရဲများက ဧည့်သည်အသွင်ယူ၍ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသူ ရှစ်ဦးတွင် မြန်မာ လေးဦးပါဝင်သော်လည်း CDM ဝန်ထမ်းများဖြစ်သည်ဟု သတင်းများ တွင် ဖော်ပြထားခြင်း မရှိပေ။
စစ်တပ်လော်ဘီများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော CDM ဝန်ထမ်းများကို အပုပ်ချ၍ သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
