ကေအဲန်ယူ၊ဒူးပလာယာခရိုင်၊ကျိုက်ဒုံမြို့တွင်းသို့ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုး သမီး၃ဦးသေဆုံခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့အဝင် တံတား၏ တစ်ဖက်ကမ်းဖြစ်သော နို့တကောမြို့နယ် အတွင်းရှိ ပြည်သူနေအိမ်များ ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မေလ ၂၄ရက်၊ မွန်းလွဲ၁၂နာရီခွဲခန့်၌ ဂျက်ဖိုက်တာတစ် စင်းဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(မေ၂၆ရက်)သတင်းထုတ်ပြန်သည်။
“မြို့အဝင်တံတားနားက အဲမှာ ကျနော်တို့အရင်ရောက်ဖူးတုန်းက ဆိုင်တန်းတွေရှိတယ်။ အဲဒီဆိုင် တန်းနားဝန်းကျင် ဗုံးကြဲတာလို့ ကြားတယ်။ တိုက်ပွဲလည်း ဖြစ်မနေဘူး။ အဲနေရာတွေမှာ ကေအဲန် ယူရော PDF ရော စခန်းချထားတာလည်း မရှိဘူး။ဒေသခံအိမ်တွေပဲရှိတယ်။ အပျင်းပြေ ပြည်သူ လာသတ်သလို ဖြစ်နေတယ်”ဟု ဒေသတွင်း PDFရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် ၂ ဦး ဒဏ်ရာ ရရှိကာ လူနေအိမ် ၂ လုံး နှင့် အိမ်စီးကားတစ်စီး ထိမှန် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ် ပြန်ထားသည်။
“ဒဏ်ရာရတဲ့သူတွေရဲ့ နောက်ဆက်တွဲ အခြေအနေ အတိအကျတော့ သေချာမသိဘူး။ တစ်ယောက် က ဒဏ်ရာပြင်းတယ်လို့ ကြားထားပေမဲ့ အဆိုးသတင်းတော့ ထပ်မကြားဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။
ကျိုက်ဒုံမြို့သည် ကေအဲန်ယူထိန်းချုပ်မှုအောက်ရှိ မြို့ဖြစ်သည်။
စာတည်း-ML
