ညဘက် ခိုးထွက်လာသော စစ်တပ် ထောက်ပို့ယာဉ်တန်း စောင့်တိုက်ခံရပြီး ၅ ဦး သေဆုံးဟုဆို

ဓာတ်ပုံ-USBA
ပုံစာ- တိုက်ပွဲဝင် USBA ရဲဘော်များ၊(ပုံဟောင်း)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ညဘက် ခိုးထွက်လာသော စစ်တပ်ထောက်ပို့ယာဉ်တန်းကို အသင့်စောင့်ကြိုတိုက်ခိုက် ခဲ့ရာ စစ်သား၅ဦးသေဆုံးကာ ၈ဦး ပြင်းထန် ဒဏ်ရာရရှိ ခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂ ရက်၊ ည၈ နာရီ ၄၅မိနစ်ခန့်တွင် သရက်မြို့နယ် အခြေစိုက် ကပစ ၁၂ မှ မင်းတုန်းဘက်သို့ အိမ်စီးကား၂စီး ၊ ဖောကား၂စီးဖြင့်ထွက်လာသော ထောက်ပို့ယာဉ်တန်းကို မင်းတုန်းမြို့နယ်၊ စိုင်ဒိုး ကျေးရွာအနီး၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်၅ရက်ည၌ USBA ကသတင်းထုတ်ပြန် သည်။

“အဓိကကတော့ ကျနော်တို့ဘက်က သတင်းရင်းမြစ် အားကောင်းတာပဲ။လာမယ်ဆိုတာကို သတင်း ကြိုရလို့ ချက်ကောင်းကနေ စောင့်တိုက်တာ။စစ်တပ်ကလည်း အတိုက်ခံရမှာစိုးလို့ ညဘက် ခိုးထွက် လာတာ။ သိရသလောက် ညဘက်မှာ အလစ်အငိုက်အတိုက်ခံရတာဆိုတော့ စခ တွေအကုန် ဖရို ဖရဲဖြစ်ကုန်တယ်”ဟု သရက်ခရိုင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

မေလ၂၈ ရက်၊နံနက်၁၁နာရီခန့်ကလည်း မင်းတုန်းမြို့မှ ပုသိမ် – မုံရွာ လမ်းအတိုင်း မင်းတုန်းမြို့ နယ် မြောက်ခြမ်းသို့ စစ်‌‌ကြောင်းထိုးလာသော အင်အား ၁၅၀ ၀န်းကျင်ပါ စစ်ကြောင်းကို ပုသိမ်-မုံရွာလမ်းပေါ်ရှိ မင်းတုန်းမြို့နယ်၊ ပန်းတောကျေးရွာအနီး၌ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အနီး ကပ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်သား၂ ဦး သေဆုံးကာ ၅ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇွန်လ၅ရက်အထိ မင်းတုန်းမြို့နယ် မြောက်ခြမ်းရှိ ပန်းတော‌၊ပြည့်ဇင်၊ ပိန္နဲပင်၊ဆင်သေ၊သဒွန်း၊ရွာပုလဲ၊တကောင်းနတ်၊ သွေးကျောက်ဝနှင့် လယ်ကြီးဒေါင့် ကျေးရွာများသို့ လှည့်လည် စစ်‌ေကြာင်းထိုးနေပြီး ပြည်သူပိုင် ရွှေငွေပစ္စည်းများ ၊ကား၊ဆိုင်ကယ်များ မွှေနှောက် ခိုးယူခြင်း၊ကျေးရွာအတွင်းရှိ ကြက်၊ဝက်များအားပစ်ခတ် စား‌သောက်ခြင်းများ နေ့စဉ်ပြုလုပ်နေသ လို ပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ မကြာခ ဏ ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်းအဆိုပါ စစ်ကြောင်းသည် ဇွန်လ၅ရက်တွင် ရွာပုလဲ၊ တကောင်း နတ်နှင့် လယ်ကြီးဒေါင့်ကျေးရွာများ၌ တပ်ဖြန့်နေရာယူထားကြောင်း USBA က ဆိုသည်။

‎”အဲဒီစစ်ကြောင်းက ဒဏ်ရာရတဲ့ကောင်တွေကို ပြန်ပို့တယ်လို့ မကြားမိသေးဘူးဆိုတော့ စစ်ကြောင်း မှာပဲ ထားပြီး ဖြစ်သလို ဆေးကုပေးနေတဲ့သဘောရှိတယ်။ဒဏ်ရာရထဲက ထပ်သေတာတွေ ရှိ၊မရှိ တော့ မသိရသေးဘူး။လက်နက်ကြီးနဲ့ လျှောက်ပစ်တာကတော့ ကျနော်တို့ တော်လှန်ရေးတပ်တွေ ကပ်လာမှာစိုးလို့ ကြောက်ပစ်ပစ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။

‎ ဇွန်လ ၄ ရက်၊ ညနေ ၃ နာရီခန့်ကလည်း သရက်မြို့နယ်၊ ဘော် ရဲစခန်းရှေ့တွင် ပြည်သူ့ကားများကို ငွေညှစ်နေကြသည့် စစ်အုပ်စုအား အနီးကပ်ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း USBA က ထုတ်ပြန်ထားသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။