ဦးဝင်းမြင့်သည်သာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပု ဂ္ဂိုလ်၊ ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂသံအမတ်ကြီးဖြစ်ကြောင်း NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်သည်။
နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်ပြည့်မွေးနေ့ဖြစ်သော ဇွန်၁၉ရက်တွင် ကျင်းပ မည့် နိုင်ငံလုံးဆိုင်ရာ နှင်းဆီလူထုလှုပ်ရှားမှု၌ အားလုံးပါဝင်ကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရုပ်သံထုတ်လွှင့်ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောသည်။
ဆေးရုံ၊ဆေးခန်း၊စာသင်ကျောင်းနှင့် ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေမှု ချက်ချင်းရပ်ရန်၊ အဓမ္မစစ် မှုထမ်းဥပဒေကို ချက်ချင်းဖျက်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်လည်း ဒေါက်တာဇော်ဝေစိုးက တောင်းဆိုလိုက်သည်။
