ခြေလျင်တပ်များတွင် ချေမှုန်းရေးရိုင်ဖယ်မျိုးကွဲအသစ်များ တပ်ဆင်၊ ပျူစောထီးများကိုမူ သေနတ်အစုတ်သာ ပေးဟုဆို

ဓာတ်ပုံ- AA

By MPA

စစ်တပ် ခြေလျင်တပ်များတွင် ချေမှုန်းရေးရိုင်ဖယ်မျိုးကွဲအသစ် MA-1 MK2 T2 ကို တပ်ဆင်ပေး နေကြောင်း စစ်လက်နက်နှင့်တိုက်ခိုက်ရေးဆိုင်ရာ သုံးသပ်ချက်များ ဖော်ပြနေသည့် Tactical Raptor က ထုတ်ပြန်သည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၂၈၈ ကုန်း၊ ပွိုင့် ၁၈၈ ကုန်း၊နှင့်ပွိုင့် ၁၄၈ ကုန်း တို့ကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်း များအား ထုတ်ပြန်ခဲ့ရာတွင် ယင်းသေနတ်များအား တွေ့ရှိရကြောင်း ဆိုသည်။

“ထူးခြားတာကတော့ စကမရဲ့ ချေမှုန်းရေးရိုင်ဖယ်မျိုးကွဲအသစ် MA-1 MK2 T2 တွေပါ အများအပြား သိမ်းဆည်းမိတာ ဖြစ်ပါတယ်။ ဒါက လက်ရှိအချိန်အထိ တစ်နေရာတည်းမှာ MA-1 MK2 T2 တွေကို အများဆုံးသိမ်းမိတဲ့ ဖြစ်ရပ်ဖြစ်နိုင်ပါတယ်။ Zoom ဆွဲပြီး ရေတွက်လို့ ရသလောက်တော့ 31 လက် ဖြစ်ပါတယ်”ဟု Tactical Raptor က ဖော်ပြသည်။

ယင်းသေနတ်အသစ်မှာ သာမန်ပျူစောထီးများ အိပ်မက်ပင် ထည့်မမက်ဝံ့သည့် လက်နက်အသစ်ဖြစ် ပြီး စစ်တပ်က ခြေလျင်တပ်ဖွဲ့များကိုသာ လက်နက်အသစ်တပ်ဆင်ပေးကာ ပျူစောထီးများအတွက် မူ BA-63 တို့ကဲ့သို့ စုတ်ပြတ်နေသည့် G-3 ‌နှင့် M1 ကာဘိုင် အဟောင်းတို့ကိုသာ တပ်ဆင်ပေးလေ့ရှိ ကြောင်း သိရသည်။

“ဒါ့ကြောင့် ပျူတွေဆီက လက်နက် သိမ်းဆည်းမိရင် မက်လောက်စရာ မရှိတတ်ပါဘူး”ဟု Tactical Raptor က ဆိုသည်။

တော်လှန်ရေးတပ်များမှ သိမ်းဆည်းမိသည့် Type-81 ပါရိ ရိုင်ဖယ်များကိုတောင် ပျူစောထီးများအား ကိုင်ခိုင်းပြီး ယင်းရိုင်ဖယ်ကျည်ကို ကပစစက်ရုံများက ထုတ်ပေးနေပြီဟု စစ်အုပ်စုချန်နယ်များ၌ ဖော် ပြကြကြောင်း သိရသည်။

“နောက်ထပ် ထူးခြားတာကတော့ စကမရဲ့ FPV ဒရုန်းတွေပါ သိမ်းမိတာပဲ ဖြစ်ပါတယ်။ စကမ ချန် နယ်တွေမှာ သူတို့ရဲ့ ဒရုန်းဗီဒီယိုတွေ တင်တာ တော်တော်ရှားသွားပြီ ဆိုပေမယ့် စခတွေ ငြိမ် နေ တာတော့ မဟုတ်ပါဘူး။ အခု သိမ်းဆည်းမိတဲ့ ပစ္စည်း‌တွေကို ကြည့်မယ်ဆိုရင် စကမဘက်ကလည်း FPV ဒရုန်း‌တွေကို သုံးဖို့ အားစိုက်ထုတ်နေတယ် ဆိုတာ သိနိုင်မှာပါ”ဟု Tactical Raptor က ဖော်ပြသည်။

သိမ်းဆည်းမိတဲ့ လက်နက်‌များထဲတွင် FPV ဒရုန်း‌များကို ပစ်ချနိုင်သည့် shot gun တစ်လက်လည်း တွေ့ရကြောင်း ယခုအချိန်အထိ AA က တိုက်ပွဲအတွင်း FPV ဒရုန်းသုံးသည်ဟု တရားဝင်ထုတ်ပြန် ခြင်းမရှိသောကြောင့် စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်သည့်အနေနှင့် shot gun ကိုင်ဆောင် ထားခြင်းလား၊ AA က ‌‌ခြေသံလုံလုံဖြင့် FPV သုံးနေခြင်းကြောင့်လား ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းကြောင်းလည်း ဆိုသည်။

ဇွန်လ ၁၇ ရက်၊၁၉ရက်နှင့် ၂၁ရက်တို့တွင် ပွိင့် ၂၈၈ ကုန်း၊ ပွိင့် ၁၈၈ ကုန်းနှင့် ပွိင့် ၁၄၈ ကုန်းတို့ကို သိမ်းပိုက်ရရှိခဲ့ရာ ရန်သူ့အလောင်းအချိုနှင့် လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရမိခဲ့ ကြောင်း AA က ထုတ်ပြန်သည်။